ဝိနည်းတော်နှင့်အညီချုပ်လုပ်ထားသော ဇောတိက သင်္ကန်းများ

Wednesday, April 11, 2007
ဝိနည်းမဟာဝါပါဠိတော်လာ ဓါးခွဲဖြတ်သင်္ကန်း
မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်၌ သီတင်းသုံးနေတော်မူပြီးလျှင် ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီကြွချီတော်မူ၏။ မြတ်စွာဘုရားသည် မဂဓတိုင်းသားတို့၏ လယ်ကိုမြင်တော်မူ၍ အသျှင်အာနန္ဒာကို "အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသားတို့၏လယ်ကို မြင်၏လော " ဟုမိန့်တော်မူ၏။ "မြင်ပါသည် အသျှင်ဘုရား " ဟု (လျှောက်၏)။ အာနန္ဒာ သင်သည် ရဟန်းတို့အား ဤသို့သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှာ စွမ်းနိုင်ပါမည်လောဟု (မေးတော်မူ၏ )။ စွမ်းနိုင်ပါသည်အသျှင်ဘုရားဟု (လျှောက်၏)။

ထို့နောက်အသျှင်အာနန္ဒာသည် များစွာသောရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီးလျှင် မြတ်စွားဘုရား ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို "ဘုန်းကံကြီးသော အသျှင်ဘုရား တပည့်တော်စီမံပြီးသောသင်္ကန်းတို့ကို ကြည့်ရှုတော်မူပါ" ဟုလျှောက်၏။


ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို "ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ကြီးသော ပညာရှိပေစွ ။ အာနန္ဒာသည်ငါဘုရားအကျဉ်းအားဖြင့် ဟောအပ်သောပါဠိတော်၏ အနက်ကို အကျယ်အားဖြင့်သိဘိ၏။ အနားပတ် တလုပ်မြောင်းရှည် မည်သည်ကိုလည်းပြုဘိ၏။ တလုပ်မြောင်းငယ်ကိုလည်းပြုဘိ၏။ အိမ်ဝမ်းကြီးကိုလည်း ပြုဘိ၏။ အိမ်ခွဲကိုလည်း ပြုဘိ၏။ အလယ်ခေါင်ကိုလည်း ပြုဘိ၏။ ခေါင်းရံကိုလည်း ပြုဘိ၏။ လည်ထိရာ၌ထိသော အနားပတ်ကိုလည်းပြုဘိ၏။ မြင်းခေါင်းထိရာ၌ခံသော အနားပတ်ကိုလည်းပြုဘိ၏၊ လက်လိပ်ကိုလည်းပြုဘိ၏။ ဖြတ်လည်းဖြတ်ဘိ၏။ ဓားဖြစ်ခြင်းဖြင့်ကြမ်းတမ်း၍ ရဟန်းတို့အားလျှောက်ပတ်၏။ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်းတို့ဖြတ်သော ဒုကုဋ် ဖြတ်သောကိုယ်ဝတ် ဖြတ်သော သင်းပိုင်ကိုခွင့်ပြု၏၊ " ဟုမိန့်တော်မူ၏။


ဇောတိကသင်္ကန်းတိုက်မှ ၀ိနည်းနှင့်အညီသင်္ကန်းဖြတ်နေပုံ

posted by Zawtika @ 9:00 PM   0 comments
Tuesday, April 10, 2007
ဝိနည်းတော်လာ ပရိက္ခရာ (၈) ပါး








ဝိနည်းတော်လာ ပရိက္ခရာ (၈)ပါး

၁။ သင်းပိုင် (ခါးဝတ်သင်္ကန်း)

၂။ ဧကသီ (အပေါ်ရုံ သင်္ကန်း)

၃။ ဒုကုဋ် (အအေးဒဏ်ကို ကာကွယ်နိုင်သည့် ဧကသီအရွယ်အပေါ် ရုံနှစ်ထပ်သင်္ကန်း)

၎။ ခါးပန်းကြိုး

၅။ သပိတ် + သပိတ်လွယ်

၆။ သင်တုံးဒါး

၇။ အပ် + အပ်ချည်

၈။ ရေစစ်

အခြားပရိက္ခရာများ

၁။ ထီး

၂။ ဖိနပ်

၃။ ယပ်တောင်

၎။ နေကထိုင်

၅။ ခြုံထည်

၆။ ဆွမ်းဗူး

၇။ ကိုယ်ပတ်

ယပ်တောင်၊ ထီး၊ ဖိနပ်တို့မှာ ပရိက္ခရာ (၈) ပါးတွင်မပါဝင်ပါ။ ရာသီဥတုနှင့် ကျန်းမာရေးအတွက်သုံးရသော အသုံးအဆောင်ပစ္စည်းများဖြစ်ပါသည်။

posted by Zawtika @ 9:57 PM   0 comments
Sunday, April 8, 2007
ဇောတိက ဆိုင်ခွဲ (၃) တွင်..

အထက်ကြည့်မြင်တိုင်မှ ဆိုင်ခွဲ ၃



ရှင်ပြုလျှင် ဇောတိကတွင် ဒီလို ဒီလို တန်ဆာတွေ ၀ယ်ချင်လည်းရ ငှားချင်လည်းရ...


posted by Zawtika @ 8:32 PM   0 comments
ရှင်ပြုကြမယ်ဆိုရင်...

ရှင်ပြုပွဲသမိုင်းအစ

ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။

ရှင်ပြုနိုင်သည့်အရွယ်

အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။

ရှင်ရဟန်းပြုပေးခြင်း၏ရည်ရွယ်ချက်

၁။ အလုံးစုံသောသံသရာ ၀ဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း။

၂။ သာသနာ့အမွေခံ သာသနာ့ဒါယကာဖြစ်လိုခြင်း။

၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။

၎။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း။

ရှင်ပြုရာတွင်လုပ်ဆောင်ရာအဓိကလုပ်ငန်းကြီး (၃) ရပ်

၁။ ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း

၂။ သင်္ကန်းဆီးခြင်း

၃။ သရဏဂုံဆောက်တည်ခြင်း

ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း

မောင်ရှင်လောက်းဦးခေါင်းမှ ဆံပင်ကိုရိတ်သည့်အခါ အိမ်မှာကတည်းက ရိတ်လို့ ရပါသည်။ သို့ရာတွင် ကျောင်းတွင်ရိတ်ပါက ကျောင်းတိုက်တွင်းရှိ သံဃာတော်များကို ဆံရိတ်မည့်အကြောင်းခွင့်ပန်ကြားပြီးမှ ရိတ်ရမည်ဟု ရွှေပန်းတိမ်သည်သားအား အကြောင်းပြု၍ ဘုရားရှင်မှ ၀ိနည်းနှင့် ပညတ်တော်မူခဲ့ပါသည်။

သင်္ကန်းဆီးခြင်း

သင်္ကန်းဆီးခြင်း၊ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း ဟုလုပ်ငန်းသုံးရခုရှိပါသည်။ ပါဠိနှင့်စိမ်းနေလျှင် မြန်မာဘာသာနှင့်ရွတ်ဆိုခြင်း၊ အာရုံပြုခြင်းတို့ဖြင့် လျှောက်ထားနိုင်ပါသည်။ ရှင်လောင်းမှ ဥပဇ္ဈယ်ဆရာဘုန်းကြီး ရှေ့တွင်ဆောင့်ကြောင့်ထိုင်ပြီး မိမိဝတ်မည့်သင်္ကန်းကို လက်အုပ်ချီပြီး သင်္ကန်းကပ်ရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကိုမျက်မှောက်ပြုပါရခြင်းအကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်အား သနားစောင့်ရှောက်ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုလုပ်ပေးတော်မူပါ ဘုရား" ဟုဆိုပြီး သင်္ကန်းကို ဆရာလက်အပ်ရပါသည်။

သင်္ကန်းတောင်းရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ အရှင်ဘုရား၏ လက်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောက်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေပြုပေးတော်မူပါဘုရား" ဟုဆိုရပါမည်။

သင်္ကန်းဝတ်ရာတွင် ဆရာဘုန်းတော်ကြီးကိုယ်တိုင်ကဖြစ်စေ၊ ဘုန်းတော်ကြီးမှ စေခိုင်းခံရသူမောင်ရှင်လောင်းအား သင်္ကန်းဝတ်ပေးနိုင်ပါသည်။ မောင်ရှင်လောင်းကိုယ်တိုင်လည်း ၀တ်လို့ရပါသည်။

သရဏဂုံဆောက်တည်ခြင်း

သရဏဂုံဆောက်တည်ခြင်းသည် ရှင်ပြုမင်္ဂလာတစ်ခုလုံး၏ ပဓာနအကျဆုံးဖြစ်ပါသည်။ သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်လည်းဖြစ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုအပ်သော သရဏဂုံ (၃) ပါးကို ဆရာဘုန်းကြီးနှင့် တပည့်မောင်ရှင်လောင်းတို့သည် ဌာန်ကရိုဏ်းကျကျ ပီပီသသဖြင့် ရွတ်ဆိုပြီး ဆုံးသွားလျှင် ရှင်သာမဏေစစ်စစ် ဖြစ်သွားပါသည်။

ရှင်ပြုမင်္ဂလာဆင်နွှဲသည့်အခါတွင် (၁) ရှင်သာမဏေစစ်စစ်ဖြစ်ရန် ၊ (၂) ရှင်သာမဏေ စစ်စစ်ဖြစ်ပြီးလျှင်လည်း ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ-၇၅ပါး၊ ခန္ဓက၀တ် (၁၄) ပါးစသော ရှင်ကျင့်ဝတ်ကို သိရှိလိုက်နာရွတ်ဆိုနိုင်ရန် မောင်ရှင်လောင်းအား ဘုန်းတော်ကြီးကျောင်းသို့ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်ပို့ကာ သင်ကြားသင့်ပါသည်။ မိဘများမှ အမွန်အမြတ်ထားပြီး ရှင်ပြုပေးခြင်းကို အနှစ်သာရရှိသည့် သာသနာပြုရှင်ပြုဖြစ်ရန် ရှင်သာမဏေတိုင်းမှ ရှင်ကျင့်ဝတ်များကို လိုက်နာရပါမည်။

posted by Zawtika @ 7:58 PM   0 comments
About Me

Name: Zawtika
Home:
About Me:
See my complete profile
Previous Post
Archives
ဇောတိကရုံးချုပ်

အမှတ်(၃၇)-ရေတာရှေလမ်းဟောင်း၊ဗဟန်းမြို့နယ် phone-၀၁-၇၀၇၂၅၉-၃၈၀၅၈၁ e-mail:zawtikasales@myanmar.com.mm

Links
Powered by

Free Blogger Templates

BLOGGER